လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေနဲ့ ထရမ့် စွပ်စွဲ ခံရ

  • 15 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စ ဆန်းမား ဇာဗော့စ် ဆိုသူ အမျိုးသမီး က တီဗီ အစီအစဉ် တစ်ခု ကလုပ်တဲ့ တွေ့ဆုံ မေးမြန်း ခန်း ထဲမှာ ပြောကြား

အမေရိကန် ရီပတ်ဘလီကန် ပါတီ က သမ္မတလောင်း ဒေါ်နယ် ထရမ့်ဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန် ခဲ့တယ်လို့ အမျိုးသမီး နှစ်ယောက်က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

၂၀၀၇ ခုနှစ် မှာတုန်း က မစ္စတာ ထရမ့်ဟာ သူ့ကိုယ် ကျူးလွန်ဖို့ ကြိုးစား ခဲ့တယ်လို့ မစ္စ ဆန်းမား ဇာဗော့စ် ဆိုသူ အမျိုးသမီး က တီဗီ အစီအစဉ် တစ်ခု ကလုပ်တဲ့ တွေ့ဆုံ မေးမြန်း ခန်း ထဲမှာ ပြောကြား ခဲ့ပါတယ်။

၁၉၉၀ ခုနှစ် တွေမှာတုန်းကလည်း နယူးယောက် မြို့က ကလပ် တစ်ခု မှာ မစ္စတာ ထရမ့် ဟာ သူ့ကိုယ် ထိပါး ခဲ့တယ်လို့ နောက်ထပ် အမျိုးသမီး တစ်ဦး ဖြစ်တဲ့ ခရစ်စတင် အန်ဒါဆန် က ပြောပါတယ်။

မြောက် ကယ်ရို လိုင်းနားမှာ လုပ်တဲ့ မဲဆွယ် စည်းရုံးပွဲမှာတော့ အဲဒါတွေ အကုန်လုံး က ရုပ်ဆိုး အကျည်းတန် တဲ့ လိမ်ညာ မှုတွေ ပါပဲ။ ပြီးတော့ ဒါတွေက စည်းဝါး ရိုက် ထားတဲ့ ညှိနိုင်းမှုတွေ ပါလို့ မစ္စတာ ထရမ့် က ပြောကြား ခဲ့ပါတယ်။

ထရမ့် ရဲ့ ပြိုင်ဘက် ဟီလာရီ ကလင်တန် အတွက် မဲဆွယ် စည်းရုံး ပေးနေတဲ့ သမ္မတ အိုဘားမား ကတော့ အမေရိကန် ရဲ့ အနာဂတ် ဟာ လာမယ့် နိုဝင်ဘာ လမှာ အဆုံးအဖြတ် ပေးမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ