တစည စီအီးစီ တိုးချဲ့ ဖွဲ့စည်း

  • 21 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Tasanya party
Image caption ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ တစည ပါတီ အခမ်းအနား တခု

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာ လမ်း ပါတီဌာနချုပ်မှာ နှစ်ရက်ကြာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်လည် ရွေးချယ်ခဲ့ကြပါတယ်။

ဥက္ကဋ္ဌ အနေနဲ့ ဦးသန်းတင်ကို ပဲ ပြန်လည် တင်မြှောက် ခဲ့ပြီး ပါတီ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးဟန်ရွှေကို ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဟာ ၁၉၈၈ ခုနှစ် လူထုဆန္ဒပြပွဲကြောင့် အာဏာရ ပါတီ အဖြစ်ကနေ ပြုတ်ကျသွားခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို နာမည် ပြောင်းလဲ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီအနေနဲ့ ဖွဲ့စည်းပုံ ခိုင်ခိုင်မာမာ ရှိဖို့ အရေးကြီးတယ်လို့ ယူဆတဲ့ အတွက် ပါတီ ဗဟိုကော်မတီနဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အဆုံး အဖြတ်ခံယူဖို့ သဘောထားရှိတယ်လို့လည်း ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပါတီကော်မတီ မရှိတဲ့ တိုင်းရင်းသားနယ်မြေ တချို့နဲ့ နိုင်ခြေနည်းနဲ့ ကော့မှူး မြို့နယ်မှာတော့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တစည ပါတီဟာ အမျိုးသားလွှတ်တော် အမတ် တနေရာကိုသာ ကချင်ပြည်နယ် မှာ အနိုင်ရခဲ့ပါတယ်။