တရုတ်မှာ စံချိန်တင် သင်းခွေချပ်အကြေးခွံတွေ ဖမ်းမိ

  • 28 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Helene Franchineau
Image caption အကြေးခွံ တစ်ကီလိုကို ဒေါ်လာ ၇၀၀ လောက်အထိ စျေးပေါက်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အကောက်ခွန်အရာရှိတွေက ရှားပါး တိရိစ္ဆာန် သင်းခွေချပ်အကြေးခွံ သုံးတန်ကျော်ကို သိမ်းဆည်းရမိ လိုက်ပါတယ်။

ဒီလောက် အကြေးခွံ အများကြီးရဖို့ သင်းခွေချပ်အကောင်ရေ ခုနှစ်ထောင်လောက် အထိ သတ်ခံခဲ့ရလိမ့်မယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီအကြေးခွံတွေကို နိုင်ဂျီးရီးယားက တင်သွင်းလာတဲ့ သစ်ပစ္စည်းတွေထည့်လာတဲ့ ကွန်တိန်နာထဲမှာ တွေ့ရတာလို့ အကောက်ခွံ အရာရှိတွေက ပြောပါတယ်။ ခိုးသွင်းလာသူလို့ သံသယရှိခံရသူ လူသုံးဦးကိုလည်း ဖမ်းထားပါတယ်။

အာရှနိုင်ငံတွေမှာ သင်းခွေချပ် အကြေးခွံတွေကို ဆေးဖော်ရာမှာ သုံးသလို၊ အသားကိုလည်း ရှားပါးအစာအဖြစ် စားတတ်ကြလို့ အာဖရိကကနေ အကြီးအကျယ်မှောင်ခို သွင်းမှုတွေရှိနေတယ်လို့ တိရိစ္ဆာန် ထိန်းသိမ်းသူတွေက ပြောကြပါတယ်။

သင်းခွေချပ်အကြေးခွံ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၇၀၀ လောက်တန်ဖိုးရှိတဲ့အတွက် အခုဖမ်းမိတဲ့ တန်ဘိုး စုစုပေါင်းဟာ ဒေါ်လာ နှစ်သန်းကျော်တန်ဘိုးရှိမယ်လို့ တွက်ချက်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ