နိုဗယ်ဆုရှင်တွေ ပါတဲ့ အဖွဲ့က ရခိုင်အရေး လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ တောင်းဆို

  • 30 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် MOFA
Image caption UNHCR ကိုယ်စား လှယ် Mr. Giuseppe ကို ဦးကျော်ဇေယျ က လက်ခံတွေ့ဆုံတုန်းက ဓါတ်ပုံ

ရခိုင်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ဆွေးနွေးမယ့် ခေါင်းစဉ် တွေထဲမှာ အရေးကြီးတဲ့ ကိစ္စတရပ်အနေနဲ့ ထည့်သွင်းပေးဖို့ နိုဗယ်ဆုရှင် ဆယ့်သုံးယောက်က ဦးဆောင်ပြီး စာထုတ် တောင်းဆိုခဲ့ကြပါတယ်။

အခုလို ရခိုင် အရေး အပေါ် နိုင်ငံ တကာ အဖွဲ့တွေရဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ ရပ်တည်ချက်ကတော့ သတင်းတွေကို မှန်မှန်နဲ့ မြန်မြန် ထုတ်ပြန်သွားဖို့ဘဲလို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်း၀န် ဦးကျော်ဇေယျ က ပြောပါတယ်။

ပွင့်လင်းမြင်သာမှု ၊ အချိန်မီ သတင်း ထုတ်ပြန် နိုင်ဖို့ သတင်းဖြစ်တဲ့ နေရာဆီ သတင်းထောက်တွေ လွှတ်ဖို့ ဆိုတာကလည်း လုံခြုံရေး အရ အခက်အခဲတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ မြန်မာ ဖက်က အထူးသံတမန် လွှတ်ဖို့ ကိစ္စဟာ လတ်တလော စဉ်းစားနေတာတွေထဲက အချက်တချက်ဘဲလို့ သူက အတည်ပြု ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကြည့်ရင် နောက်ကွယ်မှာ အဖွဲ့အစည်း တခုက ကြိုးကိုင် လှုပ်ရှားနေတာကို လေ့လာ တွေ့ရှိရတယ်လို့ ဦးကျော်ဇေယျ က ရှင်းပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ အဖွဲ့က ထုတ်ပြန်တဲ့ စာထဲမှာ ရခိုင် အရေးကို ရိုဝမ်ဒါက လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ နှိုင်းယှဉ် ဖော်ပြထားပြီး ကုလသမဂ္ဂ အကြီးအကဲတွေ အနေနဲ့ အခင်းဖြစ်ရာ ရခိုင်ပြည်နယ်ကို သွားရောက် ကြည့်ရှုသင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ