ကချင်လိုဘဲ မွန်မှာလဲ ဗိုလ်ချုပ်ကြေးရုပ် နေရာအတွက် အငြင်းပွား

  • 8 ဖေဖော်ဝါရီ 2017
Image caption ကျောက်ဆည်မြို့က ဗိုလ်ချုပ် ကြေးရုပ်

မွန်ပြည်နယ် မုဒုံမြို့က ကန်သာယာပန်းခြံမှာ ထားမယ့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို တခြားနေရာမှာ ထားဖို့ ကန့်ကွက်နေကြသလို မကြာခင် ဖွင့်မယ့် သံလွင်မြစ်ကူး တံတား ချောင်းဆုံကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည်ပေးတဲ့ပေါ် မွန်အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။

မုဒုံအာဏာပိုင်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီက ကန်သာယာပန်းခြံမှာ ထားမယ့် ဗိုလ်ချုပ်ကြေးရုပ်ကို အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံနေရာမှာ မထားဘဲ အာဇာနည်ကျောက်တိုင်နားမှာ ထားမယ့် ကိစ္စကို မွန် အရပ်ဖက် အဖွဲ့အစည်းတွေက ပြည်နယ်အစိုးရကို စာတင် ကန့်ကွက် ထားပါတယ်။

ဗိုလ်ချုပ်မွေးနေ့ ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်မှာ ဖွင့်ပွဲလုပ်မယ့် သံလွင်မြစ်ကူးတံတား ချောင်းဆုံကိုလည်း ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးထားတဲ့ အပေါ် တခြား အမည်ပြောင်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ကတော့ သံလွင်မြစ်ကူး ချောင်းဆုံတံတားနာမည်ပေးတဲ့ကိစ္စ သူတို့မသိတဲ့အကြောင်းနဲ့ ဒီကိစ္စအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေကို အစည်းအဝေး ကျင်းပဖို့ ဖိတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် လွတ်တော်ရဲ့ ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကလည်း သူတို့ဆီ တိုင်ကြားစာရောက်တယ်လို့ ပြောပါတယ်။

အခု ကိစ္စတွေ ဖြစ်ပေါ်လာတာနဲ့ ပတ်သက်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ဗဟိုအစိုးရထိ ကန့်ကွက်သွားမှာ ဖြစ်သလို အမည်မပြောင်းမချင်း တောင်းဆိုသွားမယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ