ဖရန်ဆွာဖီယွန် နေရာကို မယူဖို့ ဝန်ကြီးချုပ်ဟောင်း ဆုံးဖြတ်

  • 6 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာဖီယွန် ဝဲ ရဲ့ နေရာကို မယူပါဘူးလို့ အလိန်းယူပေက ပြော

ြင်သစ်မှာ နောက်လလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ သူဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်ဟောင်း အလိန်ယူပေက ကြေညာလိုက်ပါတယ်။

ပါတီညီညွတ်ရေးကို လိုလားပေမယ့် အခုလို အခြေအနေမျိုးမှာ နေရာဝင်ယူလိုစိတ် မရှိပါဘူးလို့ သူကဆိုပါတယ်။

ပြဿနာအရှုပ်အရှင်းတွေကြောင့် လက်ရှိ ဗဟိုလက်ယာယိမ်း ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ်က နှုတ်ထွက်ပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖရန်ဆွာဖီယွန်ရဲ့ နေရာကို မစ္စတာ ယူပေ ဝင်ယူလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ အရင်က ထွက်ခဲ့ပါတယ်။

မစ္စတာဖီယွန်ဟာ သူ့မိသားစုဝင်တွေကို တကယ်မရှိတဲ့ အလုပ်တွေပေးထားပြီး အစိုးရလစာတွေပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးခံရဖို့ ရှိနေပေမယ့် သမ္မတရွေးပွဲကို ဆက်ဝင်မှာပါလို့ ပြောနေပါတယ်။

မစ္စတာ ဖီယွန်ဟာ အစောပိုင်းက လူထုဆန္ဒစစ်တမ်းတွေမှာ ထိပ်က ရှိနေခဲ့ပေမယ့် သူ့အပေါ် စွပ်စွဲချက်တွေ ထွက်လာပြီးတဲ့နောက်မှာတော့ သူ့ကို ထောက်ခံသူတွေ လျော့လာ၊ မဟာမိတ်ပါတီတွေက ဆက်လက်မတွဲတော့တာတွေ ဖြစ်လာပါတယ်။

မစ္စတာယူပေက ခုလို အရှုပ်တော်ပုံကြောင့် ပါတီရဲ့ သမ္မတရွေးပွဲနိုင်ဖို့ အခွင့်အလမ်းတွေထိခိုက်ရတာကို စိတ်မကောင်းပေမယ့် သူ ဝင်ပြိုင်ဖို့ အချိန်ကတော့ နောက်ကျသွားပြီလို့ ပြောခဲ့ပါတယ်။

ရီပတ်ဘလီကန် ပါတီ ခေါင်းဆောင်တွေ မလ ၆ ရက် နေ့ညနေပိုင်းမှာတွေ့ဆုံပြီး ပါတီရဲ့ အကြပ်အတည်းကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။