ရေထဲမှာရှင်သန်နိုင်ရေး သင်တန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရေထဲမှာရှင်သန်နိုင်ရေး သင်တန်း

  • 13 မတ် 2017

အရှေ့အာဖရိကက ဇန်ဇီဘာ နိုင်ငံက ပင်လယ်ကမ်းရိုးတန်း တလျှောက် နေထိုင်ကြသူတွေဟာ ရေလမ်းကို အားကိုးကြသလို အဓိက အားဖြင့် ငါးဖမ်း အသက်မွေးကြပါတယ်။ ဒီလို ရေနဲ့ နီးနီးမှာ ရှင်သန်နေကြတာဖြစ်လို့ ရေနစ်တာ စတဲ့ မတော်တဆ ဖြစ်မှုတွေလည်း များပါတယ်။ အဲဒါကြောင့်လည်း အခုဆို ဒေသတွင်း ပန်ယာ ခေါ်တဲ့ အဖွဲ့နဲ့ ယူကေက တော်ဝင် အမျိုးသား ရေကြောင်း အသက်ကယ် သိပ္ပံတို့ပူးပေါင်းလို့ ရေထဲမှာ ရှင်သန်နိုင်ရေး သင်တန်းတွေ ပေးနေကြပါတယ်။

ကိုမိုးမြင့်က ပြောပြမှာပါ။