တိုက်ကြီးမြို့နားကို ဗဟိုပြု ငလျင် လှုပ်

  • 14 မတ် 2017
ဓာတ်ပုံ မူပိုင် New Light of Myanmar
Image caption တိုက်ကြီးမြို့ရဲ့ အနောက်တောင်ကို ဗဟိုပြုပြီး ငလျင်တွေ လှုပ်ခတ်ခဲ့

တနင်္လာနေ့ည ၈နာရီကျော်က တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၅မိုင်ကို ဗဟိုပြုပြီး ရစ်ခ်တာ စကေး ၅ ဒဿမ ၈ ပြင်းအားရှိတဲ့ ငလျင်တခု လှုပ်ခတ် သွားခဲ့ပြီး ည ၁၀နာရီကျော်လောက်မှာ ရစ်ခ်တာ စကေး ၄ ဒဿမ ၇ ပြင်းအား ရှိတဲ့ နောက်ဆက်တွဲ ငလျင်တခု ထပ်လှုပ်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ဘုရားမုဒ်ဦးနဲ့ အဆောက်အအုံ တချို့ရဲ့ နံရံတွေ ပြိုကျခဲ့ပြီး အနည်းဆုံး လူ၂၀ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း ဒေသကြီးတို့မှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။