ဘရာဇီးလ်နိုင်ငံထွက် အသားတွေ စိတ်ချရတယ်လို့ သမ္မတ အာမခံ

  • 20 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ဘရာဇီးလ် အသားအကြောင်း ဥရောပ၊ အမေရိကန်နဲ့ တရုတ် သံအမတ်တွေကို သမ္မတ ဖိတ်ခေါ် ရှင်းပြခဲ့

ဘရာဇီးလ်နိုင်ငံမှာ အသားစိမ်း ထုတ်လုပ်တဲ့ လုပ်ငန်းတွင်း အဂတိ လိုက်စားမှု အရှုပ်တော်ပုံကြီးကြောင့် ဘရာဇီးလ်နိုင်ငံက ထုတ်လုပ်တဲ့ အသားတွေကို စိတ်မချ မဖြစ်ကြစေဖို့ ဘရာဇီးလ် သမ္မတ မစ်ရှဲလ် တယ်မယ် က ကြိုးပမ်းလုပ်ဆောင်နေပါတယ်။

ပုပ်သိုးနေတဲ့ အသားတွေကို အသားထုတ် စက်ရုံကြီး ၃ခုက နှစ်ပေါင်းများစွာ ထုတ်လုပ် ရောင်းချနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်နေပေမယ့်လည်း ဘရာဇီးလ် အသားစိမ်းတွေရဲ့ အရည်အသွေးအပေါ် အစိုးရအနေနဲ့ ယုံကြည်စိတ်ချထားဆဲပဲလို့ သမ္မတ သမ္မတ မစ်ရှဲလ် တယ်မယ် က ဥရောပ၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး အသားထုတ် စက်ရုံ မန်နေဂျာ အတော်များများကို စစ်ဆေး မေးမြန်းနေပါတယ်။

ဒီအရှုပ်တော်ပုံကြီးကို ဖုံးကွယ်ဖို့ လာဘ်ငွေယူခဲ့တယ် ဆိုတဲ့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသားစိမ်း အများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်ပါတယ်။