ကုန်ကားနဲ့ ဝင်တိုက်လို့ စတော့ဟုမ်းမှာ လူ ၄ ဦးသေ

  • 7 ဧပြီ 2017
Image caption လူတစ်ယောက် ဖမ်းဆီးထား

ဆွီဒင် နိုင်ငံ မြို့တော် စတော့ဟုမ်း မှာ ကုန်တင် လော်ရီကား တစ်စင်းက လမ်းနံဘေးက လမ်းသွား လမ်းလာတွေထဲ ဝင်တိုက်ပြီး နောက်ဆုံး မြို့လယ်က ကုန်တိုက် တစ်ခုထဲ အထိပါ မောင်းဝင် သွားခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် လူ ၄ ယောက် သေဆုံး ခဲ့ရပြီး၊ ၁၅ ယောက် ဒဏ်ရာ ရသွားပါတယ်။

ကုန်တင်ကုန်ချ လုပ်နေတဲ့ ထရပ်ကား တစ်စင်းရဲ့ ခေါင်းခန်းထဲ လူတစ်ယောက် ခုန်တက်ပြီး ယာဉ်ကို မောင်းပြေး သွားပြီးတဲ့နောက် အခုလို ပြုမူ ခဲ့တာလို့ မျက်မြင် တွေ့ခဲ့ရသူ တစ်ဦးက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူတစ်ယောက်ကို ဖမ်းထားတယ်လို့ ဆွီဒင် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဖြစ်အပျက်ကို ကြည့်ရင် ကျူးလွန်သူဟာ အကြမ်းဖက် ဝါဒကို အခြေခံ တိုက်ခိုက် ခဲ့တယ် ဆိုတာ သိသာနေတယ် ဆိုပြီး ဆွီဒင် ဝန်ကြီးချုပ် စတေဖန် လူဗိန်းက ပြောပါတယ်။