ဗုံးဖောက်ခွဲမှုကြောင့် အီဂျစ်မှာ လူ ၄၀ ကျော်သေဆုံး

  • 9 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အီဂျစ် ဘုရားရှိခိုးကျောင်း တိုက်ခိုက်မှု လူ ၄၀ သေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီး စိန့်ဂျော့ချ် ကော့ပတစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ မနေ့က တနင်္ဂနွေနေ့မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး လူပေါင်း ၄၀ ကျော်သေဆုံးခဲ့ပါတယ်။

သမ္မတ အဗ္ဗဒူလာ ဖာတာ အယ်လ် စီးစီက ပေါက်ကွဲမှု ဖြစ်ပြီးနောက်မှာ အီဂျစ်နိုင်ငံမှာ သုံးလကြာ အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စိန့်ဂျော့ချ် ဘုရားရှိခိုးကျောင်းမှာ ပထမပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ ဘုရားကျောင်းဝတ်ပြုလာသူ ၂၇ ယောက်ကိုတော့ စုပေါင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

အလက်ဇန်းဒရီးယားမြို့မှာရှိတဲ့ စိန့်မာ့က် ဘုရားရှိခိုးကျောင်း အနီးတိုက်ခိုက်မှုမှာတော့ နောက်ထပ် လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီ ၁၆ ယောက်ထဲမှာ ဖောက်ခွဲမှုကို ဟန့်တားဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိ တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။

အစ္စလာမ်နိုင်ငံအဖွဲ့က အခုဖောက်ခွဲမှုနောက်ကွယ်မှာ သူတို့ရှိတယ်လို့ ကြေညာခဲ့ပါတယ်။