မျိုးသုဉ်း ဆင်တမျိုးရဲ့ အစွယ်တွေ တရုတ်နယ်စပ်မှာ သိမ်းဆည်းမိ

  • 13 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ဆိုင်ဘေးရီးယားဒေသက အမွှေးရှည် ဆင်ကြီးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်လောက်ကတည်းက မျိုးသုဉ်းလု နီးပါးဖြစ်ခဲ့

တရုတ်နိုင်ငံမှာ ဆင်စွယ် မှောင်ခိုသမားတွေဆီကနေ နှစ်ပေါင်း ထောင်ပေါင်းများစွာက မျိုးသုဉ်းသွားပြီ ဖြစ်တဲ့ ဆင်တမျိုးရဲ့ အစွယ် တတန်ကျော်လောက်ကို တရုတ် အကောက်ခွန်အဖွဲ့ဝင်တွေက သိမ်းဆည်းမိခဲ့ပါတယ်။

အဲဒီ ဆင်စွယ်တွေဟာ ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်း ဆိုင်ဘေးရီးယားဒေသက အောက်မြေလွှာ အမြဲအေးခဲနေတဲ့ ရေခဲပြင်မှာ တွေ့ရတတ်တဲ့ အမွှေးရှည် ဆင်ကြီး တမျိုးရဲ့ အရိုးစုကနေ ထုတ်ယူထားတဲ့ ဆင်စွယ်တွေ ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံအကြား ဆင်စွယ် အရောင်းအဝယ်လုပ်ငန်း ကြီးထွားလာနေရာမှာ မှောင်ခိုသမားတွေက အဲဒီ ဆင်ကြီးတွေရဲ့ အရိုးစုရုပ်ကြွင်းတွေကို တူးဖော်ပြီး ဆင်စွယ်တွေ ဖြတ်ယူနေကြတာပါ။

ဒီဆင်စွယ် လုပ်ငန်းအပေါ် နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားတာမျိုး မရှိပဲ တရုတ်နိုင်ငံ လောင်ဘေးနယ်စပ်မြို့မှာ အဲဒီ ဆင်စွယ်ပုံတွေကို ဘာ့ကြောင့် သိမ်းဆည်းခဲ့တာလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။