ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ သမ္မတ လုပ်ပိုင်ခွင့် အမိန့်တခု မစ္စတာထရမ့် လက်မှတ်ထိုး

  • 19 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေမှုတွေ ရှိနေတယ်လို့ သမ္မတထရမ့်ပြော

အမေရိကန် သမ္မတ ထရမ့်က ရက်ကြာ ပြည်ဝင်ခွင့်ဗီဇာ အစီအစဉ်တခုကို အလွဲသုံးစား လုပ်နေမှုတွေကို ဟန့်တားဖို့ ရည်ရွယ်တဲ့ သမ္မတ လုပ်ပိုင်ခွင့် အမိန့်တခုကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

Wisconsin ပြည်နယ်မှာ ရှိတဲ့ စက်ရုံတခုမှာ အဲဒီအမိန့်ကို လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတ ထရမ့်က ဒါဟာ သမိုင်း၀င်မယ့် အမိန့်ဖြစ်ကြောင်း သူ့အစိုးရဟာ အမေရိကန်ထုတ် ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုဖို့နဲ့ အမေရိကန် အလုပ်သမားတွေကိုပဲ ငှားရမ်းဖို့ အားသွန်ခွန်စိုက် အားပေးသွားမှာ ဖြစ်ကြောင်း၊ အမေရိကန်ကိုပဲ ရှေ့တန်းတင်သွားမယ် ဖြစ်ကြောင်း ပြောသွားပါတယ်။

လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစား အသုံးချနေမှုတွေကြောင့် အမေရိကန် အလုပ်သမားတွေနေရာမှာ တခြားနိုင်ငံက လူတွေ လခနည်းနည်းနဲ့ အစားထိုး ခိုင်းတာတွေ ဖြစ်လာနေတယ်လို့ ပြောသွားပါတယ်။

အမေရိကန်တွေရဲ့ နေရာကို အစားထိုးဖို့ ပြည်ဝင်ခွင့် ဗီဇာတွေကို အသုံးမချသင့်ဘူးလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ