မက္ကဆီကို သတင်းထောက် အသတ်ခံရမှု အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြ

  • 17 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သတင်းထောက် Javier Valdez ဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းရေးသားခဲ့သူ ဖြစ်

မက္ကဆီကိုနိုင်ငံမှာ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဆွတ်ခူးရခဲ့သူ သတင်းထောက် Javier Valdez အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ မီဒီယာနဲ့ လူ့အခွင့်အရေးအုပ်စုတွေ ဦးဆောင်ပြီး မြို့အတော်များများမှာ တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

သူဟာ မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းရေးသားခဲ့သူ ဖြစ်ပြီး အခုသူ အသတ်ခံခဲ့ရမှုဟာ တုန်လှုပ်စရာ ကောင်းလောက်အောင် ဆိုးဝါးလှတဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ သမ္မတ Enrique Pena Nieto က ပြောပါတယ်။

Javier Valdez ဟာ ဆီနာလိုအာ ပြည်နယ်မှာ ရှိတဲ့ သူ့ဇာတိ ကူလီယာကန် မြို့ မှာ သူတည်ထောင်ထားတဲ့ သတင်းစာတိုက်နားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပြီး သူ့အကြောင်းကို သတင်းစာ အတော်များများမှာ ဖေါ်ပြခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ မက္ကဆီကိုနိုင်ငံဟာ သတင်းသမားတွေအတွက် တတိယ အန္တရာယ်အများဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

အဲဒီမှာ အခုနှစ်အတွင်း သတင်းသမား ၅ဦး အသတ်ခံခဲ့ရပါတယ်။