၁၆ကြိမ်မြောက် KNU ကွန်ဂရက် ကျင်းပ

  • 19 မေ 2017
Image caption KNU ကွန်ဂရက် လေးဝါး ဌာနချုပ်မှာ ကျင်းပ

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၆ကြိမ်မြောက်ကွန်ဂရက်ရဲ့ ပထမအကြိမ် အစည်း အဝေးကိုအခု မေလ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ ကေအင်ယူရဲ့ လေးဝါးဌာန ချုပ်မှာ ကျင်းပနေပါတယ်။

အဲဒီ အစည်းအဝေးမှာ မကြာခင် ကျင်းပတော့မယ့် ပင်လုံညီလာခံကို တက်ရောက်မယ့် KNU ကိုယ်စားလှယ်တွေကိုရွေးချယ်ခဲ့ပြီး KNU က သွားချင်တဲ့လမ်းကြောင်း ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲကို KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဉီးဆောင်ပြီး KNU ကိုယ်စားလှယ် ၂၉ယောက် နဲ့အတူ တက်ရောက်မှာ ဖြစ်ပါတယ်။

ညီလာခံမှာ ဆွေးနွေးမှုတွေကိုတော့ ဒုတိယဥက္ကဌဖြစ်တဲ့ ဗဒိုကွယ်ထူး၀င်းက ဉီးဆောင်သွားဖို့ ရွေးချယ်ခဲ့ပါတယ်။

၂၁ ပင်လုံ ညီလာခံလို နိုင်ငံရေး ဆွေးနွေးပွဲတွေ အများအပြား ဖြစ်လာဖို့ မျှော်လင့်ထားပြီး အဲဒီ ဆွေးနွေးပွဲတွေမှာ ကောင်းကောင်း အချိန်ယူ ၊ တယောက်နဲ့ တယောက် အမြင် ဖလှယ်လို့ ယုံကြည်မှု တည်ဆောက် ကြမယ် ဆိုရင် ဘုံသဘောတူညီချက်တွေ ရလာနိုင်လိမ့်မယ်လို့ ဗဒိုတာ့ဒိုမူးက ပြောပါတယ်။

ဒါ့အပြင် ရှိနေတဲ့ အနေအထား တခုမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်တဲ့ အနေအထားကို တက်နိုင်သလောက် ထိန်းသိမ်းရင်း အားလုံးပါဝင်တဲ့ အခင်းအကျင်း ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။

တင်ပြရမယ့် အရေးကိစ္စတွေကို ဆွေးနွေးဖို့ အချိန် အလုံအလောက် ရမှသာ တယောက်နဲ့ တယောက် ညှိနှိုင်း ဆွေးနွေး နိုင်တဲ့ အခြေခံနဲ့ သွားနိုင်မှာ ဖြစ်ပြီး လက်ရှိ ကြုံနေရတာက အဲလို အနေအထားမျိုး ဖြစ်မလာ သေးတဲ့ အတွက် အားမလို အားမရ ဖြစ်မိတယ်လို့ ဗဒိုတာ့ဒိုမူးက ပြောပါတယ်။

ဒီအစည်းဝေးမှာ KNU ရဲ့ ၁၆ကြိမ်မြောက် ကွန်ဂရက်က ချမှတ်လိုက်တဲ့ လုပ်ငန်းတွေကို အကောင် အထည်ဖေါ်ရေး ကိစ္စတွေကို ဆွေးနွေးပြီးတော့၊ အဆင့်ဆင့် ဖွဲ့စည်းဖို့လိုတဲ့ ကော်မီတီတွေ၊ ကောင်စီ တွေကိုလည်း ဖွဲ့ စည်းခဲ့သလို လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နဲ့ နောက် ဆုံး အခြေအနေ တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ