ကန်သမ္မတ ထရမ့် နဲ့ ပုပ်ရဟန်းမင်းကြီး တွေ့

  • 24 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပုပ်ရဟန်းမင်းကြီးနဲ့ သွားတွေ့တဲ့ ထရမ့်

အမေရိကန် သမ္မတ ထရမ့်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် တို့ဟာ ရင်းနှီး ပွင့်လင်းစွာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး လက်ရှိ နှစ်ဖက် ဆက်ဆံရေးဟာ ကျေနပ်အားရဖွယ် ဖြစ်တယ်လို့ ဗာတီကန် ကျောင်းတော် က ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဉီးဟာ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး တိုးမြှင့် ဖော်ဆောင်ဖို့နဲ့ ခရစ်ယာန် ဘာသာဝင် အသိုင်းအဝိုင်းတွေကို အကာအကွယ် ပေးဖို့တွေ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာဟာ လူလုပ်လို့ ဖြစ်ရတာ လို့ ဆိုထားတဲ့ ၊ သူလေ့လာ ပြုစုထားတဲ့ စာတမ်း တစောင်ကို ပုပ်ရဟန်းမင်းကြီး တွေ့ဆုံပွဲမှာ မစ္စတာ ထရမ့်ပ်ကို ပေးအပ်ခဲ့ပါတယ်။

မစ္စတာ ထရမ့်နဲ့ အတူ ဗာတီကန်ကို လိုက်ပါလာတဲ့ ဇနီးသည် မယ်လာနီယာ ၊ သမီး အီဗွန်ကာ တို့ဟာ ထုံးတမ်းစဉ်လာ ဝတ်စားဆင်ယင်မှု တရပ်ဖြစ်တဲ့ အနက်ရောင် ခေါင်းခြုံပုဝါတွေ ဆောင်းထားတာ တွေ့ရပါတယ်။