ရခိုင်လူ့အခွင့်အရေးကိစ္စ ကုလသမဂ္ဂက အဖွဲ့ဖွဲ့

  • 30 မေ 2017
ဓာတ်ပုံ မူပိုင် UNOHCHR
Image caption လူ့အခွင့်အရေးကောင်စီရဲ့ ကြေညာချက်

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အချက်အလက် ရှာဖွေရေး အဖွဲ့ တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဌက မေလ ၃၀ ရက်က ကြေညာလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က လူ့အခွင့်အရေး ရှေ့နေ Indira Jaising က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး သီရိလင်္ကာက မစ္စ ရာဒီကာ ကွန်မရာဆွာမိ နဲ့ သြစတြေးလျက မစ္စတာ ခရစ္စတိုဖာ ဒိုမနစ် စီဒိုတီတို့ သုံးဦးပါ အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။

မြန်မာ အစိုးရ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ကြေညာချက် ထုတ်ပြန်ထားတဲ့ အတိုင်းသာ ဖြစ်ပြီး ဒီအဖွဲ့ကို လုံးဝ အသိအမှတ် မပြုဘူးလို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကလည်း မြန်မာနိုင်ငံအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်လို့ ကုလသမဂ္ဂရဲ့ စုံစမ်းရေး အဖွဲ့ မလိုအပ်ဘူးလို့ ပြောထားပါတယ်။