၂၁ ပင်လုံညီလာခံ ရလဒ်ကို KNU Concerned အဖွဲ့ စိုးရိမ်

  • 8 ဇွန် 2017
ဓာတ်ပုံ မူပိုင် Karen News
Image caption KNU Concerned အဖွဲ့က နော်ဇီဖိုးရာစိန်

ပြီးခဲ့တဲ့ မေ၂၄ ကနေ ၂၉ ရက်ထိ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ က ရလဒ်တွေကို ပြည်ထောင်စု သဘောတူ စာချုပ်အဖြစ် လက်မှတ် ထိုးခဲ့ကြတဲ့ အတွက် ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် တည်ဆောက်နိုင်ပါ့မလားလို့ စိုးရိမ်ကြောင်း ကရင်လူမျိုးများနဲ့ ဖွဲ့ထားတဲ့ KNU Concerned အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒီ ပြည်ထောင်စု သဘောတူ စာချုပ်က တချို့အချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အတွင်းက ဖြစ်နေပြီး ယေဘူယျ ဆန်တဲ့အတွက် ရှေ့ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အခက်အခဲ ရှိလာလိမ့်မယ်လို့ သူတို့ရဲ့ ယူဆချက်ကို ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပါ၀င်သင့် ပါ၀င်ထိုက်တဲ့ အဖွဲ့အစည်းတွေကို ပါ၀င်ခွင့်ပေးပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် တခုလုံးကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။