UNFC နဲ့ ဆွေးနွေးဖို့ ငြိမ်းချမ်းရေး ကော်မရှင် ထိုင်းနိုင်ငံမှာ သွားရောက်တွေ့ဆုံ

  • 8 ဇွန် 2017
ဓာတ်ပုံ မူပိုင် UNFC facebook
Image caption ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN တို့ စတုတ္တ အကြိမ် တွေ့ဆုံခဲ့စဉ်

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နဲ့ ဆွေးနွေးဖို့ အတွက် မြန်မာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်(PC) က ထိုင်းနိုင်ငံမှာ သွားရောက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

နှစ်ဖက် တွေ့ဆုံတဲ့ အခါ UNFC အဖွဲ့ရဲ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ DPN က တင်ပြထားတဲ့ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန် အဆိုပြုချက် ကိုးချက်အပေါ် အခြေခံ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်က ဦးအောင်စိုးက ပြောပါတယ်။

အခုလို တွေ့ဆုံ စကားပြောဖို့ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်ခင် ကတည်းက စီစဉ်နေတာ ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး အခုလို တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ရင်း ယုံကြည်မှု တည်ဆောက်သွားနိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် ရေးထိုးမှုနဲ့ ပတ်သက်လို့ ဒီအစည်းအဝေး ပြီးမှဘဲ အခြေအနေကို သိနိုင်လိမ့်မယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC တို့ ငါးကြိမ်မြောက် တရားဝင်တွေ့ဆုံ ဆွေးနွေးမှု အပြီး တွင် UNFC ၏ တောင်းဆိုချက် ကိုးချက်ကိုသာ မူအားဖြင့် သဘောတူသည်ဟု အတည်ပြုနိုင်ခဲ့ပြီး NCA တွင် လက်မှတ်ရေး ထိုးနိုင်ရေးမှာ မရေမရာဖြစ်နေဆဲလို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ