ကာတာ ဟာ အကြမ်းဖက်မှုကို အထောက်အပံ့ပေးနေတယ်လို့ ထရမ့် စွပ်စွဲ

  • 10 ဇွန် 2017
Image caption ပင်လယ်ကွေ့ နိုင်ငံများ ပြမြေပုံ

ကာတာ နိုင်ငံဟာ အကြမ်းဖက်မှုကို အထောက်အပံ့ပေး နေတယ်လို့ အမေရိကန် သမ္မတ ထရမ့်က စွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် ကာတာ အနေနဲ့ ဒီအကြမ်းဖက်မှု ထောက်ပံ့ရေး လုပ်နေတာကို ရပ်ဖို့ အချိန်တန်ပြီလို့လည်း သူက သတိပေးလိုက်ပါတယ်။

တခြား နိုင်ငံတွေကိုလည်း ဒေသတွင်းမှာ အမုန်းမပွားဖို့ နဲ့ အကြမ်းဖက်မှုတွေကို အထောက်အကူဖြစ်စေတဲ့ အတွေးအခေါ်တွေ ရပ်ကြဖို့ မစ္စတာ ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ကာတာဟာ အကြမ်းဖက်မှုကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြောဆိုပြီး ပိတ်ဆို့မှု လုပ်ခဲ့တဲ့ ဆော်ဒီနဲ့ တခြားပင်လယ်ကွေ့ နိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ရက်ဒ် တေလာဆင်က ဖြေလျော့ပေးဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက် အခုလို သမ္မတ ထရမ့်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီလို တခြား အာရပ်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကြောင့် ကာတာမှာ ရိက္ခာ ပြတ်တောက်မှုတွေ ဖြစ်ပြီး ကာတာက မိသားစုတွေ တကွဲတပြားဖြစ်အောင် အတင်းအကျပ် ဖန်တီးရာ ရောက်တယ်လို့ သူက ဆိုပါတယ်။

ကာတာကတော့ အကြမ်းဖက်မှု ထောက်ပံ့နေတယ် ဆိုတဲ့ သူတို့အပေါ် စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ