လန်ဒန် အနောက်ပိုင်းက ၂၄ထပ် အဆောက်အအုံ မီးလောင်

  • 14 ဇွန် 2017
Image caption လန်ကတ်စတာ အရပ်က မီးသင့်ရာ အထပ်မြင့် အဆောက်အအုံ

လန်ဒန်မြို့ လန်ကတ်စတာ အနောက်ပိုင်း အရပ်က လက်တီမာ လမ်းမှာ ရှိတဲ့ Grenfell Tower လို့ခေါ်တဲ့ ၂၄ ထပ်မြင့် အဆောက်အအုံမှာ ဇွန်လ ၁၄ ရက် ဒေသ စံတော်ချိန် မနက် တနာရီ ၁၆ မိနစ်မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။

ဒီအဆောက်အအုံရဲ့ မီတာ တရာလောက် အဝေးမှာ ရှိတဲ့ လူကတောင် သူ့ကိုယ်ပေါ်ကို ပြာတွေ ဖုံးလွှမ်းသွားခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မီးစွဲလောင်ရာ တိုက်ပေါ်က လူတွေက လက်နှိပ်ဓါတ်မီးတွေနဲ့ အချက်ပြပြီး သူတို့ထွက်လာလို့မရကြောင်း ပြသခဲ့တယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။

အခု သတင်းရေးသားချိန် မနက် သုံးနာရီခွဲမှာ မီးသတ်သမား အယောက်နှစ်ရာလောက် က မီးသတ်ကား အစီးရေ ၄၀ လောက်နဲ့ ငြိမ်းသတ်ဖို့ ကြိုးစားနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ