ပိုလီနီးရှန်း ရိုးရာ ရွက်လှေနဲ့ ကမ္ဘာပတ်

  • 18 ဇွန် 2017
ဓာတ်ပုံ မူပိုင် OIWI TV / NAALEHU ANTHONY
Image caption ပိုလီနီးရှန်း ရိုးရာ ရွက်လှေ

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက သုံးခဲ့တဲ့ ပိုလီနီးရှန်း ရိုးရာ ရွက်လှေ တစင်းဟာ ကမ္ဘာပတ်ပြီး ဟာဝိုင်ရီကျွန်း က ဟိုနိုလူလူ မြို့ကို ပြန်ရောက်လာပါပြီ။

ဟိုကူလေးယား လို့ အမည်ရတဲ့ အဲဒီရိုးရာ ရွက်လှေပါ အဖွဲ့သားတွေဟာ ကမ္ဘာပတ်ဖို့ သုံးနှစ် အချိန်ယူခဲ့ရပါတယ်။

အဲဒီလှေမှာ ခေတ်မှီစက်ယန္တရားတွေ တပ်ဆင်ထားခြင်း မရှိဘဲ ကြယ်တွေ လေတိုက်နှုန်းနဲ့ လှိုင်းတွေကို ကြည့်ပြီး မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရာထောင်ချီ နှစ်တွေတုန်းက ယာဝိုင်ရီမှာ အခြေချနေထိုင်ခဲ့တဲ့ ကနဉီး ပိုလီနီးရှန်း တွေရဲ့ သုံးခဲ့တဲ့ စနစ်နဲ့ လှေအဖွဲ့သားတွေက ကမ္ဘာပတ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ဟိုကူလေးယား လှေဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံကို လှည့်လည်ပြီး သမုဒ္ဒရာ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးမှု ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ