ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်မြောက်မွေးနေ့ပွဲ

  • 19 ဇွန် 2017
Image caption ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်မြောက်မွေးနေ့ပွဲ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက်မွေးနေ့ပွဲကို လွှတ်တော် ဝန်းထဲက I (12) အဆောင်မှာ ကျင်းပခဲ့ပါတယ်။

ဒီမွေးနေ့ပွဲကို အထူးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ဝင်တွေ ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဒေါက်တာတင်မျိုးဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ထိပ်တန်း စီးပွါရေးလုပ်ငန်းရှင်တွေထဲက ဇေကမ္ဘာဦးခင်ရွှေတစ်ယောက်ပဲ လာရောက်တာ တွေ့ရပါတယ်။

မွေးနေ့ပွဲကို တက်ရောက်လာသူတွေ ကဒေါ်အောင်ဆန်းစုကြည်သက်ကျော်ရာကျော် ရှည်ဖို့ ဆုတောင်းပေးသလို သူလုပ်နေတဲ့ လုပ်ငန်းတွေအောင်မြင် ဖို့လည်း ဆုတောင်းပေးတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံအပေါ်သစ္စာရှိဖို့ ကိုယ်နဲ့ မတူတဲ့ ပါတီက လူတွေကို ရန်ဖက်လို မဆက်ဆံဖို့ သူများ ဘာပဲမဟုတ်တာလုပ်လုပ် ကိုယ်ဖက်က အမှားမလုပ်ဖို့နဲ့ အသက် မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ အတတ်ပညာကျောင်းတွေကို အားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီကိုဦးဆောင်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရအောင်ဆောင်ရွက်ခဲ့သလို အစိုးရအဖွဲ့ကိုလည်း ဦးဆောင်နေတာ တစ်နှစ်ကျော် ခဲ့ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့နောက်မှာ ပါတီကိုဦးဆောင်ဖို့ အတွက် လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ လူငယ်တွေကိုထည့်ထားသလို ပြည်ပနိုင်ငံတွေမှာ ပညာသင်ကြားနေတဲ့လူငယ်တွေရှိတယ်လို့ သြစတျေးလျနိုင်ငံမှာ ဘဏ္ဍာရေးနဲ့ ဆိုင်တဲ့ ဒေါက်တာဘွဲ သင်ကြား နေတဲ့ ကိုနိုင်ကိုကိုက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူဦးဆောင်တဲ့အစိုးရသက်တမ်းကုန်ရန် အသက် ၇၅ နှစ်ရှိမှာဖြစ်ပြီး တကယ်လို့ ၂၀၂၀ မှာ အနိုင်ပြန်ရခဲ့ရင်တောင် ကျန်းမာရေးကောင်းမှာသာ အစိုးရတာဝန်တွေကိုထမ်းဆောင် နိုင်မှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ