ယူကရိန်း အချုပ်အချာ အာဏာ အမေရိကန် ထောက်ခံ အားပေး

  • 21 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်

အမေရိကန်က ယူကရိန်း ပိုင်နက်အတွင်း အချုပ်အချာ ပိုင်ဆိုင်မှုကို အခိုင်အမာ ကျောထောက်နောက်ခံပေးသွားမယ်လို့ ပြောကြောင်း သမ္မတ ဒေါ်နယ် ထရမ့်နဲ့ အသေးစိတ် ဆွေးနွေးခဲ့ပြီးနောက် ယူကရိန်း သမ္မတ Petro Poroshenko က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အကူအညီ အထောက်အပံ့ ဖြစ်စေမယ့် အကြောင်းတွေ သမ္မတနှစ်ယောက် ဆွေးနွေးခဲ့တယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

ဒီဆွေးနွေးမှုဟာ တရား၀င် တွေ့ဆုံတာမျိုး မဟုတ်ဘဲ ဒါဟာ ယူကရိန်းခေါင်းဆောင် အတွက် သံတမန်ရေးအရ လှည့်ကွက် တခုဘဲလို့ ဝေဖန် သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

အစောပိုင်းတုန်းက မစ္စတာ ထရမ့် က ရုရှား အမေရိကန် ဆက်ဆံရေး တိုးမြှင့်ဖို့ တောင်းဆိုခဲ့တဲ့ အတွက် ဒီတောင်းဆိုချက်ဟာ ယူကရိန်း အတွက် စိုးရိမ်မှု ဖြစ်စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ