ကာတာအပေါ်အရေးယူ ပိတ်ဆို့မှုကို အမေရိကန် ပဟေဠိဖြစ်

  • 21 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကာတာ ခေါင်းဆောင် Emir Sheikh Tamim bin Hamad Al Thani

ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက ကာတာအပေါ် စီးပွားရေး ၊ နိုင်ငံရေး အရ အရေးယူ ပိတ်ဆို့မှုအပေါ် ဘာကြောင့် အသေးစိတ် ထုတ်ပြန်ခြင်း မရှိတာလဲ ဆိုတာကို ပဟေဠိဖြစ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဒီပြဿနာ စဖြစ်ကတည်းက ဆိုရင် အချိန်တွေ အတော်ကြာ ရှိလာခဲ့ပြီး ၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး တို့ရဲ့ အရေးယူဆောင်ရွက်မှု အပေါ် လူတွေက ပိုပြီး သံသယ ရှိလာကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ကာတာဟာ အကြမ်းဖက်မှုကို ထောက်ပံ့ပေးနေလို့ တကယ် အရေးယူခဲ့တာလား ဒါမှမဟုတ် ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ ကာတာကြား ကာလရှည်ကြာ ဖြစ်နေတဲ့ တခြား ပြဿနာတွေ ရှိနေလို့လားလို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။

ဒီပြောဆိုချက်ဟာ ကာတာအပေါ် ပိုပြင်းထန်တဲ့ အရေးယူမှု လုပ်ဖို့ လူသိရှင်ကြား ပြောခဲ့တဲ့ သမ္မတ ထရမ့်ပ်ရဲ့ ပြောဆိုချက်နဲ့ ကွာဟနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ