ကလေးပျောက် ရှာတော်ပုံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီအန်အေ စစ်ပြီး ကလေးပျောက် ရှာတော်ပုံဖွင့်

  • 21 ဇွန် 2017

ဇွန် ၂၁ ရက်နေ့ ဟာ အစ္စရေး နိုင်ငံမှာ ထောင်နဲ့ချီပြီး ပျောက်ဆုံးနေတဲ့ ကလေးတွေ အတွက် Yemenite Children Affair အောက်မေ့ဖွယ်နေ့ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံ ထူထောင်ပြီး စမှာ ယီမင်က ဂျူးနွယ်ဖွား မိသားစုတွေ ပြောင်းရွှေ့လာခဲ့ကြပါတယ်။

အဲဒီ မိသားစုတွေထဲက ရင်ခွင်ပိုက်အရွယ် ကလေးငယ်တွေ ပျောက်ဆုံး ခဲ့တာတွေ ရှိပြီး မိဘတွေကတော့ သူတို့ကလေးတွေ သေဆုံးသွားပြီဆိုတဲ့ အဖြေမျိုးကို ရခဲ့ကြပါတယ်။

ဒါပေမယ့် ဒီကလေးတွေဟာ တကယ် သေဆုံးခဲ့တာမဟုတ်ဘဲ ဥရောပ တိုက်မှာရှိတဲ့ ဂျူးဇနီးမောင်နှံတွေ မွေးစားဖို့ အတွက် ပေးခဲ့ကြတာ ဖြစ်မယ်ဆိုတဲ့ မသင်္ကာမှုတွေလည်း ရှိနေပါတယ်။

အဲဒါကြောင့်လည်း ဒီအန်အေ စစ်ဆေးတာတွေ လုပ်သွားနေပြီဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။