တရားသူကြီးတွေ လာဘ်စားတာ တိုင်လို့ ထောင်ချခံရ

  • 22 ဇွန် 2017
ဓာတ်ပုံ မူပိုင် Press Trust of India
Image caption တရားရုံးချုပ် တရားသူကြီး CS Karnan

အိန္ဒိယ တောင်ပိုင်း တမီးလ် နာဒူ ပြည်နယ်မှာ တရားရုံးချုပ် တရားသူကြီး တယောက်ကို ဖမ်းဆီးပြီး တရက်အကြာမှာ နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ ကာလကတ္တား မြို့က အကျဉ်းထောင်ဆီကို ပို့လိုက်ပါတယ်။

တရားရုံးကို ဖီဆန်မှုနဲ့ တရားရုံးချုပ်က သူ့ကို ထောင်ချခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးကတည်း တရားသူကြီး Karnan ဟာ ထွက်ပြေး တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

သူ့ကို အပ်နှင်းထားတဲ့ တရားစီရင်မှု အမိန့်အာဏာတွေကိုလည်း ပြန်ရုတ်သိမ်းခံခဲ့ရပြီး သူဟာ ထောင်ချခံရတဲ့ ပထမဆုံး တရားရုံးချုပ် တရားသူကြီး ဖြစ်ပါတယ်။

သူ့အပေါင်းပါ တရားသူကြီး အယောက် နှစ်ဆယ်လောက်ဟာ အဂတိ လိုက်စားတယ် ဆိုတဲ့ စွပ်စွဲချက်ကို တရားသူကြီး ကာနန်က ဝန်ကြီးချုပ်ဆီ စာရေးတင်ပြခဲ့ပြီးနောက် အခုလို ဖမ်းဆီး ထောင်ချမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ