ကိုယ်လုံးတီးဆင်နွှဲတဲ့ ဘုရားပွဲကို ပြောင်းလဲ

  • 23 ဇွန် 2017
ဓာတ်ပုံ မူပိုင် AP
Image caption naga sadhu နာဂဆာဒူး ပွဲတော်

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းက နှစ်စဉ် ကျင်းပတဲ့ ဘုရားပွဲမှာ ကိုယ်လုံးတီးနဲ့ ပြာတွေ သုတ်ပြီး လှည့်လည်တဲ့ အလေ့အထ အပေါ် ဟိန္ဒူ ဘုရားကျောင်း အာဏာပိုင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက အစဉ်အလာကို ပြောင်းလဲပစ်ခဲ့ပါတယ်။

အာသံပြည်နယ်က Kamakhya ဘုရားကျောင်းမှာ အဝတ်အစားမဝတ်ဘဲ ခန္ဓာကိုယ်ကို ပြာတွေ သုတ်လိမ်းကာ naga sadhu နာဂ ဆာဒူး ပွဲတော်ကို လေးရက်ကြာ ဆင်နွှဲလေ့ ရှိတာ ဖြစ်ပါတယ်။

ဒီလို ကျင်းပတာဟာ ဘုရားဖူးတွေ စိတ်မသက်မသာ ဖြစ်စေတဲ့အတွက် ကိုယ်လုံးတီး ဆင်နွှဲမှုတွေကို အာဏာပိုင်တွေက ဒီနှစ်မှာ ပိတ်ပင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆာဒူး ဘုန်းကြီးတွေကတာ့ ဒီတားမြစ်ချက်ကို ငြင်းကောင်း ငြင်းလိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီ ပွဲတော် ပထမနေ့ ဖြစ်တဲ့ ဇွန်လ ၂၂ ရက်နေ့မှာ အိန္ဒိယ တလွှားက လူနှစ်ရာကျော် လာရောက်ခဲ့ပြီး အားလုံးဟာ အဝတ်အစား ၀တ်လာကြတာ တွေ့ရပါတယ်။