အစ္စလာမ် ဘာသာဝင်တွေရဲ့ ဝါကျွတ် အိဒ်ပွဲတော်

  • 26 ဇွန် 2017
ဓာတ်ပုံ မူပိုင် LYNN BO BO
Image caption Eid al-Fitr မနက်ခင်း ၀တ်ပြုပွဲ ပါ၀င် ဆင်နွှဲနေတဲ့ လူငယ်လေး

ဇွန်လ ၂၆ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဝါကျွတ် အိဒ်ပွဲတော် ကို နိုင်ငံတဝန်းက အစ္စလာမ် ဘာသာဝင်တွေ ကျင်းပခဲ့ကြပါတယ်။

ဝါကျွတ် ဝတ်ပြုမှုတွေကို မနက် ၇ နာရီ ၀န်းကျင်မှာ ပြုလုပ်လေ့ ရှိကြပေမယ့် မြို့သစ်တွေမှာ လွတ်လပ်စွာ ၀တ်ပြုခွင့် မရလို့ ဘာသာရေးဝတ်ပြုဆုတောင်းရာမှာ အခက်ခဲတွေ ရှိခဲ့ကြပါတယ်။

မြို့သစ် မဟုတ်တဲ့ သာကေတ မှာတော့ ခွင့်ပြုချက် မရလို့ အဝေးကြီး တခြား မြို့နယ်တွေမှာ သွားရောက် ဝတ်ပြု နေရတယ်လို့ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေး ကောင်စီဌာနချုပ်က အတွင်းရေးချုပ် ဦးတင်မောင်သန်း က ပြောပါတယ်။

မိတ္ထီလာက ဗလီ သုံးခု ဆိုရင် ပြန်ဖွင့်ခွင့် မပေးတာကြောင့် သက်ကြီး ရွယ်အို တွေဆိုရင် ၀တ်မပြုဘဲ အိမ်မှာပဲ နေ နေရတယ်လို့ သူက ဆိုပါတယ်။

မန္တလေး မြို့သစ်မှာ ဆိုရင်လည်း ၀တ်ပြုခွင့် မရဘူးလို့ ပြောပါတယ်။

အခုလို ၀တ်ပြုပွဲတွေကို အရင် ကတည်းက ခွင့်ပြုချက် ယူလေ့ မရှိဘဲ လုပ်လေ့လုပ်ထ ရှိတာ ဖြစ်ပြီး မြို့သစ်တွေမှာ ဥပုသ်လ မတိုင်ခင်မှာ ခွင့်ပြုချက် တောင်းခံပေမယ့် မရခဲ့ဘူးလို့ သူက ရှင်းပြခဲ့ပါတယ်။

ဒုက္ခသည် စခန်းတွေမှာတော့ ဗလီ ရယ်လို့ သီးခြား မရှိတာကြောင့် အဲဒီနေရာတွေမှာ အခက်အခဲ ရှိနိုင်တယ်လို့ ဦးတင်မောင်သန်း က ပြောပါတယ်။

နောက်သုံးလ ကြာရင် ကုရဘာနီ အိဒ် ပွဲတော် ဆင်နွှဲဖို့ ရှိပြီး အဲဒီ အခါကျရင် သတ်မှတ်ထားတဲ့ ကွင်းတွေမှာ လုပ်တာ ဖြစ်လို့ အခက်အခဲ မရှိနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ