တရုတ် သမ္မတ မလာခင် ဟောင်ကောင်က ဒီမိုကရေစီ သမားတွေ ထိန်းသိမ်းခံရ

  • 29 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဟောင်ကောင်မှာ ဒီမိုကရေစီ ဆန္ဒပြပွဲ နှစ်တိုင်း ဖြစ်

ဟောင်ကောင်မှာ လူထုနဲ့ တိုက်ရိုက် ပြောဆို ထိတွေ့ဖို့ ဟောင်ကောင်မှာ ဗြိတိသျှ ကိုလိုနီ လက်ထက် နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ခရစ်စ် ပက်တန်က တရုတ်အာဏာပိုင်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်မှာ တရားမျှတတဲ့ ကိုင်တွယ်ဆောင်ရွက်မှု နဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပိုပြီး မြင်လိုတယ်လို့လည်း သူက ပြောပါတယ်။

လာမယ့် ဇူလိုင်လ တရက်နေ့ ကျရင် ဗြိတိသျှ ကိုလိုနီ ဘ၀ ကနေ ဟောင်ကောင်ကို တရုတ်လက် လွှဲအပ်ခဲ့တာ အနှစ်နှစ်ဆယ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။

အဲဒီ နှစ်နှစ်ဆယ် အထိမ်းအမှတ် မတိုင်ခင် Lord Patten က ကြိုတင်ပြောကြားရာမှာ လူထုကို တာ၀န်သိသိ သဘောပြည့်၀စွာ မဆက်ဆံဘူး ဆိုရင် လူတွေ သိန်းသောင်းချီ လမ်းပေါ်ထွက် ဆန္ဒပြလာလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒီနေ့ ကြာသပတေးမှာ တရုတ် သမ္မတ ရှီကျင်းပင် ဟောင်ကောင်ကို လာဖို့ ရှိတဲ့ အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ တော်တော်များများလည်း ထိန်းသိမ်းခံခဲ့ရပါတယ်။