ပူတင်နဲ့ ထရမ့် G20 မှာ သီးခြားတွေ့မယ်

  • 30 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပူတင်နဲ့ ထရမ့် G 20 မှာ ဆုံမယ်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာ ရုရှား သမ္မတ ဗလာဒီမြာ ပူတင်တဲ့ နောက်အပတ်ထဲ ဂျာမနီမှာ ကျင်းပမယ့် ဂျီတွမ်တီး အစည်းအဝေးတက်ရင်း သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။

ဒါဟာ သမ္မတ နှစ်ယောက် ရဲ့ ပထမဆုံး မျက်နှာချင်း တွေ့ဆုံမှု ဖြစ်လာမှာပါ ဖြစ်ပါတယ်။

အဲလို တွေ့တဲ့ အခါ ဘာတွေ ဆွေးနွေးမလဲ ဆိုတာ မသိရသေးဘူးလို့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ H.R. MacMaster က ပြောပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ရုရှား အစိုးရ ပြောခွင့်ရသူကလည်း အစောပိုင်းတုန်းက အတည်ပြု ပြောဆိုခဲ့ပါတယ်။

တဆက်တည်း ဂျီ တွမ်တီး ညီလာခံကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ အခါ ရာသီဥတု ပြောင်းလဲမှု အပေါ် ပဲရစ် သဘောတူ စာချုပ်ကို ရပ်တည်ကာကွယ်ဖို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ကတိပေး ပြောကြား လိုက်ပါတယ်။

ဒီစာချုပ်ကနေ အမေရိကန် နှုတ်ထွက်ဖို့ သမ္မတ ထရမ့်က ဆုံးဖြတ်ပေမယ့် ဥရောပ သမဂ္ဂ ကတော့ ဆက်ပြီး အကောင်အထည် ဖော်သွားမှာပါလို့ မစ္စက် မာခဲလ်က ဂျာမန် ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

ပဲရစ် သဘောတူညီမှုကို ဥရောပ သမဂ္ဂက အပြည့်အဝ ရပ်တည် ကာကွယ် သွားပြီး အလျင်အမြန် တစိုက်မတ်မတ် အကောင်အထည် ဖော်သွားမှာပါ ၊ အမေရိကန် ထွက်သွားတဲ့ အတွက် ကျမတို့ အနေနဲ့ ပိုပြီး လေးလေးနက်နက် အောင်မြင်မှု ရအောင် လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ မစ္စက် မာခဲလ် ဆိုပါတယ်။

G20 စက်မှု ထိပ်သီး နိုင်ငံများ အစည်းအဝေးကို Hamburg မြို့မှာ လာမယ့် ဇူလိုင်လ ရ ရက်နေ ၈ ရက်ထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ