မြောက်ကိုရီးယားကြောင့် စစ်ရေး ပြိုင်ဆိုင်မှု ဖြစ်စေ

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် သံအမတ် နစ်ကီ ဟေလီ

မြောက်ကိုရီးယား ရဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုဟာ စစ်ရေးအင်အား ပြိုင်ဆိုင်မှုကို အကြီးအကျယ် ဖြစ်စေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ အမေရိကန် သံအမတ် နစ်ကီ ဟေလီက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဒီနေ့ ကမ္ဘာဟာ အန္တရာယ်ကြီးလွန်းတဲ့ နေရာတခု ဖြစ်လာခဲ့ပါပြီလို့ နစ်ကီ ဟေလီက ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား အပေါ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှု လုပ်ခဲ့ပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်မှု မရှိတဲ့ အတွက် အရေးယူမှုတွေ ထပ်တိုး လုပ်သင့်တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီးကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်လောက်စရာ မရှိဘူးလို့ ယူဆပေမယ့် ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကာ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့နည်းကို သုံးဖို့ ပန်ကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ