မြန်မာ့ စီးပွားရေး ဦးမော့ လာဖို့ ဗျူဟာချ ဆောင်ရွက်သင့်

  • 9 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Heritage Org
Image caption မြန်မာ့ စီးပွားရေး လွတ်လပ်မှု ဘယ်လောက်ရှိသလဲ ဆိုတာ ဖော်ပြတဲ့ အညွှန်း

မြန်မာ နိုင်ငံမှာ ပြည်တွင်း ထုတ်လုပ်မှု GDP ဟာ အရင်အစိုးရ လက်ထက် ကထက် တစ်ရာခိုင်နှုန်း နီးပါး ထိုးဆင်းသွားခဲ့ပြီး ၆.၃ ရာနှုန်းသာ ရှိပါတယ်။

လက်ရှိ အခြေအနေမှာ ပြည်ပ ရင်နှီး မြုပ်နှံမှု ကျဆင်းခဲ့ပြီး နိုင်ငံခြား လုပ်ငန်းရှင်တွေ ဆွဲဆောင်နိုင်စေမယ့် အခြေခံ အဆောက်အအုံ တွေ ပြည်စုံအောင် လုပ်ဖို့ လိုသလို ၊ လုပ်ငန်းရှင်တွေ အကျိုးအမြတ် ဖြစ်ထွန်းစေမယ့် အရာတွေနဲ့ မက်လုံးပေး ဆွဲဆောင်သင့်တယ်လို့ မြန်မာ့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက ပြောပါတယ်။

ကုန်စျေးနှုန်း တရိပ်ရိပ် တက်နေတဲ့ အခြေအနေကိုလည်း ထိန်းသင့်ပြီး အဲဒီလို ထိန်းရာမှာ ပြည်ပ ပို့ကုန် တိုးမြှင့်မှသာလျှင် နိုင်ငံခြား ငွေလဲလှယ်နှုန်းကိုလည်း တည်ငြိမ်စေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာ့ စီးပွားရေး ဦးမော့လာစေဖို့ ဘယ်အပိုင်းကို အားစိုက်မလဲ ဆိုတဲ့ ဗျူဟာ ကျကျ ချဉ်းကပ် ဆောင်ရွက် သင့်သလို စီးပွားရေး အတိုင်ပင်ခံ အဖွဲ့ သေချာ ဖွဲ့စည်းကာ မဟာဗျူဟာ မြောက်စွာတဲ့ လုပ်ဆောင်သင့်တယ်လို့ သူက အကြံပေးခဲ့ပါတယ်။

လက်ရှိ အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးကိုသာ အာရုံစိုက်နေပြီး စီးပွားရေးကို လျစ်လျူရှုထားတယ် ၊ စီးပွားရေး တောင့်တင်း ခိုင်မာမှု မရှိရင် ငြိမ်းချမ်းရေး ဆိုတာလည်း တည့်တံ့မှာ မဟုတ်ဘူး ဆိုတဲ့ မြန်မာနိုင်ငံက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တယောက် ဖြစ်တဲ့ ပထမ ရင်းနှီးမြုပ်နှံမှု FMI ဥက္ကဌ ဆာ့ချ် ပန်းက ဝေဖန် ပြောကြားခဲ့ပါတယ်။