ကျောက်ဖြူရောက် ယန်ဟီးလီ မြေသိမ်းခံတောင်သူ ရွာသားတွေနဲ့ တွေ့

  • 11 ဇူလိုင် 2017
Image caption လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီ

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကျောက်ဖြူမြို့ကို မြန်မာလေကြောင်းနဲ့ အတူ ရောက်လာပြီး ခရိုင်ထွေအုပ်ရုံးမှာ ခရိုင်/မြို့နယ် အဆင့် တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ပါတယ်။

အဲဒီက တစ်ဆင့် ပြင်ဖြူမော် ရခိုင်ဒုက္ခသည် စခန်းကို သွားကြည့်ခဲ့ပြီး အထူးစီးပွားရေးဇုန်က လယ်သိမ်းခံရတဲ့ လယ်သမား ၂၀ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ရေနံဆိပ်ကမ်းတည်ရှိတဲ့ မဒေးကျွန်းက ရွာသားတွေနဲ့ တွေ့ဆုံသလို ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မဒေးကျွန်းက ရေနံတင် သဘော ဝင်ထွက်မှုတွေကြောင်း ဒေသခံ ငါးဖမ်းသမားတွေရဲ့ အသက်မွေးမှုကို ထိခိုက်နေတဲ့ အကြောင်း မစ္စယန်ဟီးလီ ဆီကို တင်ပြခဲ့တဲ့လို့ ရေလုပ်သား ဦးမောင်မြင့်က ပြောပါတယ်။

မစ္စယန်ဟီလီဟာ ဇူလိုင်လ(၁၂)ရက်နေ့မှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော တို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

မစ္စယန်ဟီလီ ဟာ ၂၀၁၄ မှာ ဒီတာဝန်ကို စယူခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကနေ အခုထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အကြိမ်ပေါင်း ခြောက်ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇန္နဝါရီလ က နောက်ဆုံး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ