အာရပ်လေးနိုင်ငံနဲ့ ကန် ဝန်ကြီးတို့ အဖြေရှာမရ

  • 12 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကာတာ နိုင်ငံခြားရေး ဝန်ကြီး နဲ့ ကန် နိုင်ငံခြားရေး ဝန်ကြီးတို့ နှစ်ဖက် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး

ကာတာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ အာရပ် လေးနိုင်ငံက ၀န်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တေလာဆင် တို့ရဲ့ အစည်းအဝေး ဟာ ရလဒ် တစုံတရာမရဘဲ ပြီးဆုံးသွားပါပြီ။

ဒီနေ့ ကြာသပတေးနေ့မှာ မစ္စတာ တေလာဆင်ဟာ ကာတာနိုင်ငံကို သွားပြီး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ကာတာ အပေါ် ပိတ်ဆို့ အရေးယူထားတဲ့ အာရပ် လေးနိုင်ငံ ကတော့ ဆော်ဒီ ၊ ယူအေအီး ၊ အီဂျစ် နဲ့ ဘာရိန်း တို့ ဖြစ်ပါတယ်။

သူတို့ အနေနဲ့ သံတမန်နည်းအရ အဖြေရှာလိုပေမယ့် ကာတာဖက်က တိကျ ခိုင်မာတဲ့ လိုက်နာ လုပ်ဆောင်မှုတွေ လိုတယ်လို့ ယူအေအီး ၀န်ကြီးက ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းဖို့ ကာတာနဲ့ မစ္စတာ တေလာဆင်တို့ ပြီးခဲ့တဲ့ အဂါနေ့က နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီစာချုပ်အပေါ် ယူအေအီး ဝန်ကြီးက မေးခွန်းထုတ်လိုက်ပြီး ၂၀၁၃ နဲ့ ၂၀၁၄ တုန်းက သူတို့နိုင်ငံနဲ့ အလားတူ စာချုပ် ချုပ်ခဲ့ဖူးပေမယ့် ဘာမှ ထူးခြားလာတာ မရှိခဲ့ပါဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ