မာရေး နဲ့ ဂျိုကိုဗစ် ဆီမီး မတက်ဘဲ ထွက်ရ

  • 13 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၃ နဲ့ ၂၀၁၆ တို့မှာ ၀င်ဘယ်တန် ချန်ပီယံ ဆွတ်ခူးခဲ့တဲ့ အန်ဒီ မာရေး

၀င်ဘယ်လ်တန် တင်းနစ် အမျိုးသားအဆင့် ပွဲတွေမှာ ကမ္ဘာထိပ်တန်း တင်းနစ် အကျော်အမော် အန်ဒီ မာရေးနဲ့ နိုဗက် ဂျိုကိုဗစ် တို့နှစ်ယောက် ဆီးမီးဖိုင်နယ် အဆင့်တောင် မတက်နိုင်ဘဲ ပြိုင်ပွဲက ထွက်သွားရပါပြီ။

မနှစ်က ၀င်ဘယ်လ်တန် ချန်ပီယံ မာရေးဟာ အမေရိကန်က Sam Querrey ကို ရှုံးနိမ့်ပြီး ထွက်သွားရတာ ဖြစ်ပါတယ်။

ငါးပွဲကစားရာမှာ နောက်ဆုံး နှစ်ပွဲမှာ မာရေးဟာ ခါးနာဝေဒနာကြောင့် ကောင်းကောင်း မကစားနိုင်ဖြစ်ခဲ့ရပါတယ်။

နိုဗက် ဂျိုကိုဗစ်ချ် လည်း ဒဏ်ရာကြောင့် Tomas Berdych နဲ့ ကစားတဲ့ ပွဲမှာ ထွက်ခဲ့ရပါတယ်။

ဒါဟာ ဂျိုကိုဗစ်ချ်တယောက် အတွက် ကမ္ဘာ့အဆင့်တစ် အန်ဒီမာရေးရဲ့နေရာကို ၀င်ယူဖို့ အခွင့်အရေး ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ