ထရမ့်နဲ့ ရုရှားပတ်သက်မှု ရှင်းလင်းဖို့ လိုလားနေကြ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထရမ့်နဲ့ ရုရှားပတ်သက်မှု ရှင်းလင်းဖို့ လိုလားနေကြ

  • 13 ဇူလိုင် 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြင်သစ်နိုင်ငံကို ရောက်နေပါတယ်။ သူဟာ ပြင်သစ်သမ္မတ မက်ခွန်းနဲ့ မနက်ဖြန်မှာ ကျင်းပမယ့် Fete National အထိမ်းအမှတ်အခန်းကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအခန်းအနားကတော့ ပြီးခဲ့တဲ့နှစ်က နိစ် မြို့မှာ ကုန်တင်ကားနဲ့ အတိုက်ခံရလို့ လူ ၈၆ ယောက်သေဆုံးတဲ့ တစ်နှစ်ပြည့် အခန်းအနားဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်ရောက်နေတဲ့ သမ္မတထရမ့်မှာ နောက်ကြောင်း မအေးစရာ ရှိနေပါတယ်။ သမ္မတရွေးကောက်ပွဲတုန်းက ရုရှားနဲ့ပတ်သက်သက်မှု ရှိမရှိဆိုတာကို ရှင်းလင်းဖို့ သူ့ကို ထောက်ခံတဲ့ နီဘရာစကားပြည်နယ်က မဲဆန္ဒရှင်တွေက လိုလားနေပါတယ်။ ကိုအောင်သွင်က ဆက်ပြောပြမှာပါ။