မူဂါရူဇာ ၀င်ဘယ်လ်ဒန် ချန်ပီယံ ဆွတ်ခူး

  • 15 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption စပိန်တင်းနစ်မယ် ဂါဘင်းနီးယေး မူဂါရူဇာ

ဝင်ဘယ်လ်ဒန်တင်းနစ် ချန်ပီယံ အမျိုးသမီးပြိုင်ပွဲမှာ ဗီးနက်စ် ဝီလီယမ်စ် ကို စပိန်က ဂါဘင်းနီးယေး မူဂါရူဇာ က ၇-၅ ၊ ၆-ဝ နဲ့ နှစ်ပွဲပြတ် နိုင်ပြီး ချန်ပီယံ ဆုကို ဆွတ်ခူးသွားပါတယ်။

သူဟာ ဝင်ဘယ်လ်ဒန်ချန်ပီယံ ဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက်စပိန် တင်းနစ် အားကစားမယ် ဖြစ်ပြီး ၇၇ မိနစ် အတွင်း ပြိုင်ဖက် အမေရိကန်သူကို ရိုက်အားကောင်းကောင်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို စပိန်ဘုရင် ဟွမ်ကားလို့စ် လဲ တက်ရောက် အားပေးခဲ့ပါတယ်။

အသက် ၂၂ အရွယ်ရှိ ဂါဘေးနီးယေး မူဂါရူဇာ အတွက်တော့ ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ ပွဲစဉ်တွေတုန်းက ဗီးနပ်စ် ရဲ့ ညီ မ ဆရီးနာ ဝီလီယမ်စ် ကို ရှုံးခဲ့တာ ဖြစ်ပါတယ်။