မကွေးရေဘေး လူ၁၅၀၀ကျော် အိုးအိမ်မဲ့

  • 15 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption မုတ်သုန် အခြေအနေ သတိပေးချက်

ဧရာဝတီမြစ်ရေဟာ မင်းဘူးမှာ စိုးရိမ်ရေမှတ် အထက် ရောက်နေတာကြောင့် မင်းဘူးနဲ့ စကုမြို့နယ်တို့မှာ ရေဘေး ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။

မင်းဘူး ၁ရပ်ကွက် ၊ ၃ ရပ်ကွက်နဲ့ မင်းဘူးနဲ့ မင်းလှကြားက ရွာတွေမှာ အိမ်ထောင်စုပေါင်း ငါးရာနီးပါး ၊ လူဦးရေ ထောင့်ငါးရာကျော်လောက် ရွာကနေ ရွေ့ပြောင်း နေထိုင်နေရတယ်လို့ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဦးနေမျိုးကျော် က ဘီဘီစီကို ပြောပါတယ်။

ဒီနေရာတွေဟာ နှစ်စဉ် ရေတက်လေ့ရှိတက်တဲ့ ဒေသတွေ ဖြစ်ပြီး သူတို့ပုံမှန် အမြဲရေဘေးရှောင်လေ့ရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အမြင့်ပိုင်းတွေ ဖြစ်တဲ့ စခန်း ၉ခုမှာ ပြောင်းရွေ့နေ နေကြတယ်လို့ သူက ဆိုပါတယ်။

နှစ်စဉ်တော့ ရေဘေးရှောင်စခန်းတွေ အထူးတလည် ဖွင့်ပေးစရာမလိုဘဲ ရေကျတဲ့အခါ သူတို့နေရပ် ပြန်သွားလေ့ရှိတယ်လို့ သူက ပြောပါတယ်။

တိုင်းအစိုးရ အနေနဲ့ လက်ရှိတော့ သုံးရက် သို့မဟုတ် ငါးရက်စာ ရိက္ခာနဲ့ ရေသန့်ဗူးတွေ ပံ့ပိုးပေးထားသလို အိမ်ပြိုလဲ ပျက်စီး ထိခိုက်မှုမျိုးတွေ ရှိလာရင်တော့ တနည်းတဖုံနဲ့ အကူအညီပေးတယ်လို့ ဦးနေမျိုးကျော် က ဆိုပါတယ်။

မြန်မာ့ မိုးလေ၀သ ဌာနကတော့ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုန်လေ အားကောင်းရာ ကနေ အားအလွန်ကောင်းတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ဇူလိုင်လ ၁၅ ရက် နေ့လည်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ