စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖမ်းဆီးခံရ

  • 18 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption Angel Maria Villar Llona အလွဲသုံးစားမှုနဲ့ ဖမ်းခံရ

စပိန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Angel Maria Villar နဲ့ သားဖြစ်သူတို့ကို အလွဲသုံးစားမှုနဲ့ အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။

Angel Maria Villar ဟာ စပိန်ဘောလုံး အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်ကတည်းက တာဝန်ယူထားတာ ဖြစ်ပါတယ်။

သူဟာ အရင်တုန်းက စပိန် ကလပ် အသင်းတခုဖြစ်တဲ့ atletico bilbao မှာ ဆယ်နှစ်လောက် ကစားဖူးခဲ့သူ ဖြစ်ပြီး နိုင်ငံတကာ ပွဲသုံးရာကျော်မှာ ၁၁ ဂိုးလောက် သွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက် စပိန် ဘောလုံး အဖွဲ့ချုပ်မှာ ဥက္ကဌ ရာထူး ရယူခဲ့တာ အခုဆို နှစ်ပေါင်း သုံးဆယ် နီးပါး ရှိခဲ့ပါပြီ။

သူ့လက်ထက်အတွင်း စပိန် အမျိုးသား ဘောလုံးအသင်းဟာ ဥရောပ ချန်ပီယံ ဆု နှစ်ကြိမ်တိုင် ဆွတ်ခူးခဲ့သူလို ၂၀၁၀ ကမ္ဘာဖလား ကိုလည်း ရယူနိုင်ခဲ့တဲ့ နာမယ်ကြီး ဘောလုံးအသင်းတသင်း ဖြစ်ခဲ့ပါတယ်။

သူဟာ ဖီဖာ ဘောလုံး အဖွဲ့ချုပ် ကောင်စီမှာလည်း ၂၉နှစ်တာ ထမ်းဆောင်ခဲ့ပေမယ့် ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာဖလား ဘောလုံးပွဲ ကျင်းပခွင့် ရွေးချယ်ရာမှာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှု မရှိဘူး ဆိုပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အပြစ်ပေးခံခဲ့ရပါတယ်။

ဒီနေ့ အဂါနေ့ မနက်မှာ နေရာတော်တော်များများကို ရဲတွေက ဝင်ရောက်စီးနင်းပြီး စပိန်ဘောလုံးအဖွဲ့ချုပ် ရုံးချုပ်နေရာအပါအဝင် နေရာတော်တော်များများကိုလည်း စစ်ဆေးကာ မစ္စတာ ဗီယာနဲ့ သားဖြစ်သူ Gorka ဂေါ်ကာ အပါအဝင် လူငါးယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

စပိန်က တရားရေးဌာနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့တွေက ဒီကိစ္စကို ကိုင်တွယ် စစ်ဆေးနေတယ်လို့ စပိန် တရားရုံးချုပ်က ပြောပြီး နိုင်ငံတကာ ဘောလုံးပွဲတွေ စီစဉ်ရာမှာ စာရွက်စာတမ်း အတု လုပ်မှုနဲ့ အလွဲသုံးစား လုပ်မှုတွေ အတွက် သူတို့ကို အရေးယူဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

အခု ဖမ်းခံထားရတဲ့ မစ္စတာ ဗီယာ ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် ယူဝေးဖာ ရဲ့ ဥက္ကဌ မီရှဲလ် ပလာတီနီ စုံစမ်း စစ်ဆေးခံရချိန် အတွင်းမှာ ခေတ္တ တာဝန်ယူခဲ့ဖူးပါတယ်။

အခု မစ္စတာ ဗီယာ အဖမ်းခံမှုနဲ့ ပတ်သက်လို့ သူတို့ အဖွဲ့အစည်းက စောင့်ကြည့်နေပြီး ခုချိန်မှာတော့ ဘာမှ တစုံတရာ မှတ်ချက် မပေးလိုဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခု အဖမ်းခံရတဲ့ အထဲမှာ ပါတဲ့ ၊ တောင်အမေရိကန် ဘောလုံး အဖွဲ့ချုပ်မှာ ဉီးဆောင် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ၊ မစ္စတာဗီယာ ရဲ့ သား ဂေါ်ကာ ဗီယာ ဟာလည်း ဥရုဂွေး ဘောလုံး ကလပ် အသင်းတွေ ဆီကနေ ခြိမ်းခြောက် ငွေညှစ်မှုတွေ ရှိခဲ့တယ် ဆိုတာ သတင်းတွေ ထွက်ခဲ့ ပြီးနောက် မနှစ်က ရာထူးက နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ