လူလာရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ဖို့ အမိန့်ထုတ်

  • 20 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဘရာဇီး သမ္မတဟောင်း လူလာ

ဘရာဇီး နိုင်ငံမှာ သမ္မတဟောင်း လူလာ ဟာ အဂတိ လိုက်စားမှု စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ် ခံရပြီးတဲ့နောက် သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားဖို့ တရားသူကြီး တယောက်က အမိန့်ထုတ်လိုက်ပါတယ်။

မစ္စတာ လူလာရဲ့ ဘဏ်စာရင်းထဲမှာ ရှိတဲ့ ဒေါ်လာ နှစ်သိန်း ကို ထိန်းချုပ်ထားလိုက်ပြီလို့ တရားသူကြီး ဆာဂျီယို မိုရိုက ပြောပါတယ်။

သူပိုင် တိုက်ခန်း သုံးခု ၊ မြေတကွက်နဲ့ ကားနှစ်စင်းတို့ကိုလည်း ထိန်းချုပ် ခံရတဲ့ အထဲမှာ ပါဝင်ပါတယ် ။

သမ္မတဟောင်း လူလာ ကတော့ ဒီစွဲချက်တွေဟာ နိုင်ငံရေး ပယောဂတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ လာမယ့် သမ္မတ ရွေးကောက်ပွဲ အတွက် လက်ရှိ ထိပ်ဆုံးက တစ်ပြေးနေသူတယောက် ဖြစ်ပါတယ်။

သမ္မတဟောင်း လူလာ အနေနဲ့ ဒီပစ္စည်းတွေကို ဆက်လက် သုံးစွဲခွင့် ရှိနေအုံးမှာ ဖြစ်ပြီး တကယ်လို့ သူ့အယူခံ ရှုံးသွားရင်တော့ ဒါတွေကို အသိမ်းခံရကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ လွှဲအပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ