ညှိနှိုင်း ဆွေးနွေးဖို့ ကာတာစော်ဘွား ကမ်းလှမ်း

  • 22 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကာတာ စော်ဘွား Sheikh Tamim bin Hamad al-Thani

အိမ်နီးချင်း အာရပ် လေးနိုင်ငံ ဖြစ်တဲ့ အီဂျစ် ၊ ဆော်ဒီအာရေဗျ ၊ ယူအေအီး ၊ ဘာရိန်း တို့နဲ့ အငြင်းပွားနေတဲ့ ကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးဖို့ ကာတာစော်ဘွားက ပန်ကြား လိုက်ပါတယ်။

အကြမ်းဖက် အုပ်စုတွေကို အားပေး ကူညီတယ်လို့ စွပ်စွဲကာ အိမ်နီးချင်း အာရပ် လေးနိုင်ငံက စီးပွားရေး ပိတ်ဆို့ခဲ့ပြီးနောက်ပိုင်း ဒါဟာ ကာတာ စော်ဘွား Tamim bin Hamad Al Thani ရဲ့ ပထမဆုံး ပြောကြားချက် ထွက်လာတာ ဖြစ်ပါတယ်။

သူတို့ နိုင်ငံကို ထပ်ပြီး ဝိုင်းအရေးယူမှုတွေ လုပ်မယ်လို့ စီစဉ်နေကြပေမယ့် သူတို့ရဲ့ နေ့စဉ်ဘဝတွေကတော့ ပုံမှန်ပါဘဲလို့ ကာတာ စော်ဘွားက ပြောပါတယ်။

ဒါ့အပြင် သူတို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်တာတွေ ကို လုပ်ဆောင်ခဲ့ပြီး ဒါဟာ လုပ်သင့် လုပ်ထိုက်တာမို့ လုပ်တာ ပြည်ပက ဖိအားပေးလို့ လုပ်တာ မဟုတ်ဘူးလို့ ကာတာ စော်ဘွားက ဆိုပါတယ်။

ကာတာဟာ ဂျီဟတ် ဝါဒီ အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုတဲ့ နားလည်မှု သဘောတူ စာချုပ်ကို ရေးထိုး လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် အမေရိကန်ကတော့ ကျေနပ်မိတယ်လို့ US နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ