အမေရိကန် စစ်တပ်မှာ လိင်ပြောင်းထားသူတွေစစ်မှုထမ်းခွင့် ပိတ်

  • 27 ဇူလိုင် 2017
Image caption လိင်ပြောင်းထားသူတွေကို စစ်မှုထမ်းခွင့် ပိတ်ပင်

အမေရိကန် စစ်တပ်မှာလိင်ပြောင်းထားသူတွေစစ်မှုထမ်းခွင့် ပိတ်ပင်တားမြစ်မယ့် အံအားသင့်ဖွယ် သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ်လူအများ ဒေါသထွက်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့စိတ်ဝေခွဲမရ ဖြစ်ခဲ့ကြပြီး ဝါရှင်တန်က နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ စိတ်ဝမ်းကွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ရှေးရိုးစွဲ ဝါဒီသမား တက်ကြွ လှုပ်ရှားသူတွေနဲ့ ရီပါဘလစ်ကန် အမတ် တချို့ကို ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပေမယ့် ဒီမိုကရက် ပါတီဖက်က ဆီးနိတ် အမတ် Richard Blumenthal ရစ်ချက်ဒ် ဘလူမန်သယ်လ် သမ္မတ ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ပြီး ဒါဟာ စစ်တပ်နဲ့ ပတ်သက်လို့ ခံယူကျင့်သုံးမှု ဝါဒတွေကို ဆန့်ကျင် ချိုးဖောက်လိုက်တာဘဲ ၊ လက်နက်ကိုင် အဖွဲ့များ ဆိုင်ရာ ကော်မတီမှာ ဒီကိစ္စကို ကျနော်တို့ ပြန်ပြီး သုံးသပ်ရမယ်လို့ ဆီးနိတ်တာ ဘလူမန်သယ်လ် က ပြောပါတယ်။

ဒီမိုကရက် အမတ် ဂျိုး ကနေဒီ ကလည်း ဒါဟာ အများသူငှာ လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်ဖို့ သူ့တို့ အသက်ကိုစတေးလိုတဲ့ လိင်ပြောင်းထားသူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ငြင်းပယ်လိုက်တာဘဲလို့ ပြောပါတယ်။

လက်ရှိ အမေရိကန် စစ်တပ်ထဲမှာ ထောင်နဲ့ချီရှိနိုင်တဲ့ လိင်ပြောင်း စစ်မှုထမ်းတွေရဲ့ ရှေ့ကံကြမ္မာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသေချာသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ