သမ္မတထရမ့် အိမ်ဖြူတော် ဦးစီးအရာရှိ ပြောင်းခန့်

  • 29 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရာထူးက ဖယ်ရှားခံရတဲ့ Reince Preibus

အမေရိကန်မှာ သမ္မတ ထရမ့်ဟာ အိမ်ဖြူတော်ဦးစီး အရာရှိ နေရာမှာ Reince Preibus အစား အငြိမ်းစား ဗိုလ်ချုပ်ကြီး John Kelly နဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။

မစ္စတာ ပရီးဘာ့စ်ဟာ အတွင်းသတင်းတွေ မီဒီယာမှာ ပေါက်ကြားအောင် လုပ်ခဲ့သူလို့ အိမ်ဖြူတော် သတင်းပြန်ကြားရေး ဒါရိုက်တာ အန်သနီ စကာရာမူချီ က စွပ်စွဲ ပြောကြားခဲ့ပြီး တရက်အကြာမှာ သမ္မတက အခုလို ပြောင်းလဲ ခန့်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ပရီးဘာ့ဘ်စ် ဟာ သံသယလွန်ကဲလွန်းတဲ့ စိတ်ဝေဒနာ ခံစားနေရသူ တယောက် ဖြစ်တယ်လို့ မစ္စတာ စကာရာမူချီက အစောပိုင်းတုန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

အခုလို ရာထူး အပြောင်းအလဲတွေကိုသမ္မတ ထရမ့်က လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ရေးသား ကြေညာခဲ့တာ ဖြစ်ပါတယ်။

အသစ် ခန့်အပ် ခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ကယ်လီဟာ လက်ရှိမှာ ပြည်တွင်း လုံခြုံရေး ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

မစ္စတာ ကယ်လီဟာ ထူးချွန်ပြောင်မြောက်သူ ဖြစ်တယ် ၊ တကယ့် အမေရိကန် လူကြီးလူကောင်း တယောက် ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ