တုတ်ကွေးဗိုင်းရပ်စ်သစ် အန္တရာယ် သတိရှိဖို့လို

  • 30 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Shweinnthar khin maung win
Image caption တုတ်ကွေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မျက်နှာဖုံးအသုံးပြုနေသူများ

မြန်မာနိုင်ငံမှာ ဝက်တုတ်ကွေး ဗိုင်းရပ်စ် H1 N1 နဲ့ ကြက်တုတ်ကွေး ဗိုင်းရပ် H5 N1 တို့ တပြိုင်တည်းဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်နှစ်မျိုးပေါင်းပြီး ဗိုင်းရပ်စ် အသစ်ထွက်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို သတိထားဖို့လိုတယ်လို့တယ်လို့ တိရစ္ဆာန်မွေးမြူကုသရေးဆိုင်ရာ ပညာရှင်ဒေါက်တာသန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဗိုင်းရပ်စ်နှစ်ခုပေါင်းပြီး ဗိုင်းရပ်စ်အသစ်ထွက်ပေါ်လာနိုင်ခြေဟာ သိပ်မများလှပေမယ့် တကယ်လို့ ထွက်ပေါ်လာခဲ့ရင် အန္တရာယ် အတိုင်းအတာကြီးမားနိုင်ကြောင်းဟာ စပိန်တုတ်ကွေးက သက်သေဖြစ်တယ်လို့ ဒေါက်တာသန်းထွန်းကဆိုပါတယ်။

ဗိုင်းရပ်စ်နှစ်မျိုးပေါင်းပြီး ဗိုင်းရပ်စ်အသစ်ထွက်ပေါ်လာရင် အဲဒီဗိုင်းရပ်စ်ဟာ ပိုပြင်းနိုင်သလိုပိုပျော့တဲ့ပိုးလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာသန်းထွန်းကဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ