အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ရာထူးက ဖယ်ရှားခံရ

  • 1 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်ကြားရေးဆိုင်ရာ ညွှန်ကြားရေးမှူး အန်သနီ စကာရာမူချီ

အမေရိကန်မှာ အိမ်ဖြူတော် သတင်းပြန်ကြားရေးဆိုင်ရာ ညွှန်ကြားရေးမှူး အန်သနီ စကာရာမူချီဟာ ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။

ဒါဟာ သမ္မတ ထရမ့် လက်ထက်အတွင်း အိမ်ဖြူတော် ဝန်ထမ်းရေးရာ ခန့်အပ်မှု ဝရုန်းသုန်းကား အခြေအနေ ထပ်မံ ဆိုက်ရောက်ခဲ့တာ ဖြစ်ပြီး မစ္စတာ စကာရာမူချီ ဟာ ဆယ်ရက်အတွင်း တာဝန်က ရပ်စဲ ခံရတဲ့ လေးယောက်မြောက် အိမ်ဖြူတော် အရာရှိ ဖြစ်ပါတယ်။

မစ္စတာ စကာရာမူချီဟာ တလောတုန်းက မဂ္ဂဇင်း အင်တာဗျူးမှာ မသင့်လျော်တဲ့ ဝေဖန်ချက် စကားတွေ ပြောခဲ့တယ်လို့ သမ္မတ က ယူဆခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ငွေကြေးစျေးကွက်က လုပ်ငန်းရှင် တယောက် ဖြစ်တဲ့ မစ္စတာ စကာရာ မူချီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရာထူးက နုတ်ထွက်သွားတဲ့ အိမ်ဖြူတော် ဉီးစီး အရာရှိ ရိုင်းစ် ပရီးဘာ့ဘ်စ် အပေါ် ရင့်ရင့်သီးသီး စကားတွေ သုံးနှုန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခုတော့ သမ္မတ ထရမ့်ခန့်ခဲ့တဲ့ အိမ်ဖြူတော် ဉီးစီးအရာရှိ သစ် ဂျွန် ကယ်လီ က စည်းကမ်းတွေ ချမှတ်မှာ ဖြစ်ပြီး အိမ်ဖြူတော် ၀န်ထမ်းအားလုံးဟာ မစ္စတာ ကယ်လီဆီ တိုက်ရိုက် အစီရင်ခံ သတင်းပို့ ရမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ