မြောက်ကိုရီးယားအစိုးရနဲ့ ကန်ဆွေးနွေးချင်

  • 2 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပဲ့ထိန်းဒုံးလက်နက် စမ်းသပ်မှု အောင်မြင်တဲ့ အထိမ်းအမှတ် ၀မ်းသာနေတဲ့ ကင်ဂျုံအွန်း

အမေရိကန် အနေနဲ့ မြောက်ကိုရီးယား အစိုးရကို ဖယ်ရှားလိုစိတ် မရှိဘဲ ၊ ညှိနှိုင်းဆွေးနွေးဖို့သာ ဆန္ဒရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson က ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရ ဖြုတ်ချဖို့ ၊ အစိုးရ ဆင်းပေးရတာတို့ မဖြစ်လိုသလို အမေရိကန် တပ်တွေ မြောက်ပိုင်း စစ်မျက်နှာဆီ ပို့ဖို့ အကြောင်းရှာနေတာလည်း မဟုတ်ပါဘူးလို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားကို အသိပေးလိုတာက အမေရိကန်ဟာ မြောက်ကိုရီးယား ရန်သူမဟုတ်ဘဲ မြောက်ကိုရီးယားကို ခြိမ်းခြောက်မှု လုပ်မှာ မဟုတ်ပေမယ့် မြောက်ကိုရီးယားက ခြိမ်းခြောက်နေတာဟာ လက်မခံနိုင်စရာ ဖြစ်တဲ့အတွက် လက်တုန့်ပြန်ဖို့ လိုတယ်လို့ မစ္စတာ တေလာဆင်က ပြောပါတယ်။

နျူကလီးယား နဲ့ ဒုံးလက်နက် စမ်းသပ်မှုတွေမြောက်ကိုရီးယား က လုပ်ခဲ့ပြီးနောက် အမေရိကန်ကလည်း စစ်ရေး လေ့ကျင့်မှုတွေ လုပ်မယ့်လို့ တုန့်ပြန်ခဲ့တာကြောင့် ဒေသတွင်း တင်းမာမှု တိုးလာကာ အခုလို ပြောကြားချက် ထွက်လာတာပါ။

မြောက်ကိုရီးယားကို တရုတ် အစိုးရက ဖိအားပေးဖို့ အတွက် တရုတ် အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို သမ္မတ ထရမ့်အနေနဲ့ ပိတ်ဆို့ အရေးယူပေးပါလို့ ဆီးနိတ် လွှတ်တော်မှာ ဒီမိုကရက် ပါတီ ခေါင်းဆောင်က အစောပိုင်းတုန်းက ပန်ကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ