မက္ကဆီကို တံတိုင်းဆောက်ဖို့ ကုမ္ပဏီ၄ခုရွေး

  • 1 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်က တံတိုင်း

အမေရိကန် ပြည်ထောင်စုမှာ သမ္မတထရမ့် လူသိရှင်ကြားပြောနေတဲ့ မက္ကဆီကို နဲ့ နှစ်နိုင်ငံကြား နယ်စပ်မှာ တံတိုင်းဆောက်ဖို့ ရှေ့ပြေး စီမံကိန်းအတွက် ကုမ္ပဏီ လေးခုကို ထရမ့် အစိုးရက ရွေးချယ်လိုက်ပါတယ်။

ဒီ စီမံကိန်းဟာသမ္မတ ထရမ့် ပထမဆုံး ထုတ်ပြန်တဲ့ အမိန့်ဒီကရီထဲက အကောင်အထည်ဖော်မှု တရပ်ဖြစ်ပြီး ဒီကိစ္စအပေါ် နှစ်နိုင်ငံဖက်စလုံးမှာချက်ခြင်း ဆိုသလို ဆန္ဒပြမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

Alabama ၊ Arizona ၊ Texas နဲ့ Mississippi ပြည်နယ်တွေက ကုမ္ပတွေနဲ့ တံတိုင်းဆောက်ဖို့စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ နယ်စပ်ထိန်းချုပ်ရေး ဆိုင်ရာ အကြီးအကဲ ၊ လက်ထောက် ကော်မရှင်နာမင်းကြီး Ronald Vitiello က ပြောပါတယ်။

အခု ဆောက်မယ့် နမူနာ စီမံကိန်းကြောင့် ဒေါ်လာငါးသိန်းနီးပါး ကုန်ကျနိုင်ဖွယ် ရှိပါတယ်။

ဒီတံတိုင်း စီမံကိန်း အတွက် ကုန်ကျငွေကို မက္ကဆီကို ဖက်ကို ကျခံခိုင်းမယ်လို့ သမ္မတ မဲဆွယ်ပွဲတုန်းက မစ္စတာ ထရမ့် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရှေ့ပြေးအစီအစဉ် အဖြစ် ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေးဂိုးမြို့မှာ ဆောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ