မျက်နှာပြပြီး စျေးဝယ် ထမင်းစားနိုင်မယ့် စနစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မျက်နှာပြပြီး စျေးဝယ် ထမင်းစားနိုင်မယ့် စနစ်

  • 5 စက်တင်ဘာ 2017

တရုတ်ပြည်မှာ မျက်နှာပြရုံနဲ့စျေးဝယ်၊ ထမင်းစားလို့ ရပြီဖြစ်ပါတယ်။ နည်းပညာနဲ့ အင်တာနက်ပေါ်က အရောင်းအဝယ်တွေလုပ်နေတဲ့ အလီဘာဘာ ကုမ္ပဏီက သူတို့ရဲ့ စားသောက်ဆိုင်မှာ မျက်နှာဖတ်တဲ့ စနစ်တခုကို သုံးနေပြီဖြစ်ပါတယ်။

မျက်နှာကို စကင်ဖတ်လိုက်တာနဲ့ ကိုယ်စားသလောက် ကိုယ့် ဘဏ်အကောင့်ထဲကနေ ငွေဖြတ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒေတာ အချက်အလက်တွေသုံးစွဲပုံနဲ့ ပတ်သက်လို့ စိုးရိမ်သူတွေလည်းရှိနေပါတယ်။

ဦးဘမော်က ပြောပြမှာပါ။