နယ်မြေမငြိမ်းချမ်းခင် မူလနေရာ တာ၀န်ထမ်းဖို့ ဆရာမတွေ အခက်ကြုံ

  • 14 စက်တင်ဘာ 2017
Image caption မောင်တောက အထက်တန်းကျောင်း

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောခရိုင်က ကျောင်းဆရာ ဆရာမတွေကို လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အမိန့် ထုတ်ပြန် ထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ် ကလည်း ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။

လုံခြုံမှု စိတ်ချမှု မရှိသေးတဲ့ နယ်မြေမှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ ကျောင်းဆရာ ဆရာမတွေအနေနဲ့ စက်တင်ဘာလ ၁၇ ရက် နောက်ဆုံးထားပြန်ကြရမှာ ဖြစ်ပါတယ်။

ပြန်မလာကြတဲ့သူတွေကို ဝန်ထမ်းစည်းမျဉ်းနဲ့ အရေးယူသွားမယ်ဆိုလို့လည်း သက်ဆိုင်ရာက ပြောဆိုထားပါတယ်။

ဒီအမိန့်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်က ဆရာဆရာမများ လုံခြုံရေးနဲ့ နယ်မြေတည်ငြိမ်ကြောင်း အာမခံပေးနိုင်မှသာ ပြန်လည်ခေါ်ယူဖို့ ကြေညာချက်မှာ ဆိုထားပါတယ်။

အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရတဲ့ ဆရာဆရာမများရဲ့ ဆန္ဒကို ညှိနှိုင်းပြီးမှ စေလွှတ်ပေးဖို့နဲ့ ဘေးအန္တရာယ် ထပ်ကြုံခဲ့ရရင် နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနက အပြည့်အဝ တာဝန်ယူပေးဖို့ တောင်းဆိုထားပါတယ်။

တချို့ ဆရာ ဆရာမတွေကတော့ အသက်အန္တရာယ် လုံခြုံရေးက အရေးကြီးတာကြောင့် သတ်မှတ်ထားတဲ့ရက်ကို မသွားကြဘဲ ပေးလာတဲ့ အရေးယူမှုကိုသာ ခံယူသွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုကြပါတယ်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ကျောင်းပေါင်း ၄၀ဝ ကျော်ရှိပြီး တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဆရာမ ၃၀ဝ၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ